Sunday, July 28, 2013
သိရသမျှ ဥက္ကံမြို့အဓိကရုဏ်း
--ဥက္ကံမောင်မောင်
၂၈။၇။၂၀၁၃
ကျနော် လေ့လာသိရသလောက် ဥက္ကံမြို့မှာ ဖြစ်ပွားသွားတဲ့ ဘာသာရေးအသွင်ဆောင်
အဓိကရုန်းဟာ ရုတ်တရက် ဝုန်းဒိုင်းသဘောကြီး ထဖြစ်တာ မဟုတ်ဘူးဗျ။
အရင်က ဖြစ်ခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် ဂယက်ရိုက်လာတဲ့
သတင်းတွေနဲ့ အဲဒီအရေးအပေါ် ဒေသခံလူထုရဲ့ ခံစားချက်တွေ၊ အခြားမြို့တွေက
အဓိကရုဏ်း သတင်းတွေ၊ အထူးသဖြင့် မိတ္ထီလာမြို့ ကဖြစ်ရပ်မှာ
အရင်းခံပါဝင်သူနဲ့ အဆက်အစပ်ရှိနေမှု။ နောက်တခုက မွတ်ဆလင် တဦးနဲ့
အိမ်ထောင်ကျ ပြီးနောက် အနှိပ်စက် အညှင်းပန်းခံရတဲ့ အမျိုးသမီးတဦးရဲ့
ရင်ဖွင့်ချက် ဗီဒီယိုမှတ်တမ်း တွေက နိုင်ငံတလွှား ပျံ့နှံ့ နေတယ်။
ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်နယ်ခံလူထုအကြား အရင်ကဖြစ်ခဲ့ဖူးတဲ့
နာကျည်းခံပြင်းမှုတွေကလည်း ပြဿနာဖြစ်ဖို့ မီးခဲပြာဖုံး ကြိမ်မီးအုံးသလို
အသင့်ဖြစ်နေတာ။
မိတ္ထီလာမြို့ အဓိကရုန်းစတင်ခဲ့ရာ ရွှေဆိုင်ပိုင်ရှင်ဟာ ဥက္ကံမြို့က ‘ရှိန်းစတိုး’ ပိုင်ရှင် မွတ်ဆလင်ဘာသာဝင် ဦးတင်ဦးရဲ့ သားဖြစ်တယ်။
မိတ္ထီလာမြို့ ပြဿနာဖြစ်နေစဉ်မှာ ရွှေဆိုင်ပိုင်ရှင် မိသားစု တိမ်းရှောင်ထွက်ပြေး သွားတယ်။
မိတ္ထီလာမြို့ အာဏာပိုင်တွေက သူတို့ကို စုံစမ်း ရှာဖွေရင်း မိဘများနေထိုင်ရာ ဥက္ကံမြို့ကိုလည်း ရောက်လာတယ်။
ရွှေဆိုင်ပိုင်ရှင်ကို မတွေ့လို့ မိဘတွေကို ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေရှိခဲ့တယ်။
နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပေမဲ့ မိခင်ဖြစ်သူက သားအတွက်ပူပန်စိတ်နဲ့ ဆုံးပါးသွားတယ်။
အခင်းမဖြစ်ပွားခင် ၂ ပတ်လောက်မှာ ဥက္ကံ စနေနွားပွဲဈေး အနီးနေထိုင်တဲ့ ၁၄
နှစ်အရွယ် ဗုဒ္ဓဘာသာ အမျိုးသမီးလေး တဦးကို အသက် ၄၀ ကျော် မွတ်ဆလင်တဦးက
အတင်းအကျပ်ခိုးယူပေါင်းသင်းဖို့ ကြံစည်မှု ဖြစ်ခဲ့တယ်။
အဲဒီ မွတ်ဆလင်က နွားအရောင်းအဝယ်လုပ်ရင်း ကလေးမလေးရဲ့ မိဘအိမ်မှာ သွားလာဝင်ထွက် ခင်မင်နေသူဖြစ်တယ်။
ကလေးမ အပေါ်မှာလည်း လိုက်လိုက်လျောလျော ဆက်ဆံမှုတွေနဲ့ အယုံသွင်းခဲ့တယ်။
တနေ့တော့
ကလေးမ ဈေးသွားမယ်အလုပ်မှာ သူလိုက်ပို့ပေးမယ်ဆိုပြီး
ဆိုင်ကယ်ပေါ်တင်ခေါ်ရင်း သူနေထိုင်ရာ အဖျောက်မြို့ကို ခေါ်ယူထွက်ပြေးသွားတယ်။
ကလေးမရဲ့ မိဘတွေက ဥက္ကံရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ထားတယ်။ မွတ်ဆလင်
ကုလားက အဖျောက်မြို့ ရပ်ကွက်ရုံးအခုမှာ ကောင်မလေးနဲ့ အကြင်လင်မယားအဖြစ်
တရားဝင်လက်မှတ်ထိုးဖို့ ကြိုးစားနေစဉ်မှာ ရပ်ကွက်လူကြီးတွေက သံသယရှိတာနဲ့
ကောင်မလေးကို သီးခြားခေါ်ယူပြီးမေးမြန်းတော့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး
လိမ်ညာခေါ်ယူလာကြောင်း သိရလို့ ဥက္ကံမှာရှိတဲ့ မိဘတွေထံ
အကြောင်းကြားလိုက်တယ်။
ဥက္ကံရဲစခန်းမှာလည်း အဲဒီကလေးမကို
လူပျောက်တိုင်ချက် ဖွင့်ထားတာရှိနေတော့ သူ့မိဘတွေနဲ့
ရဲစခန်းအာဏာပိုင်တချို့ အဖျောက်မြို့ကို လိုက်သွားပြီး အဲဒီမွတ်ဆလင်ကို
ဖမ်းဆီးကာ တိုက်ကြီးရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်။ အဲဒီဖြစ်ရပ်ကြောင့်
မြို့နေလူထု အကြီးအကျယ် ဒေါသထွက်ခဲ့ရတာရှိတယ်။
နောက်တခုက ဥက္ကံမြို့ ဓမ္မာရုံကျောင်းတိုက် တရားပွဲမှာ ၉၆၉ အဖွဲ့ကထုတ်တဲ့
သီချင်းဖွင့်တာကို ခဲနဲ့ပေါက်လို့ ဝိုင်းဖမ်းကြတော့ မွတ်ဆလင် ၂ ဦးကို
ဖမ်းမိတယ်။ သူတို့ကို ရဲစခန်း သွားအပ်ထားချိန်မှာ ဥက္ကံမြို့စွန့်
သင်္ချိုင်းအနီးမှာ နေတဲ့ မွတ်ဆလင် မောင်ရွှေဆိုသူက ရဲစခန်းမှာ ဖမ်းထားသူ ၂
ဦးကို သိန်း ၂၀ လာဘ်ထိုးပြီး ပြန်ထုတ်သွားခဲ့တယ်။ အဲဒါကလည်း
မြို့နယ်လူထုကို မကျေနပ်မှု ဖြစ်စေခဲ့တယ်။
တခြားဖြစ်ရပ်က ဥက္ကံမြို့အနီး ပနီပင်ကျေးရွာမှာ တရားပွဲကျင်းပဖို့
ခင်းထားတဲ့ ဖျာတွေကို မွတ်ဆလင် အမျိုးသမီးတချို့က ဆွဲလွှင့်ပစ်လို့
အခြေအတင်ဖြစ်ခဲ့ကြသေးတယ်။ အဲဒီရွာမှာက မွတ်ဆလင် များတယ်လို့ သိရတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဗုဒ္ဓဘာသာအမျိုးသမီးတဦးကို
မွတ်ဆလင်မိသားစုက ဝိုင်းဝန်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိထားတယ်။
အဲဒါတွေက အခင်းမဖြစ်မီ လိပ်ခဲတင်းတင်း ရှိနေခဲ့တဲ့ အခြေအနေ တွေပါ။
အခင်းဖြစ်တဲ့နေကတော့ အလံတိုင်ကျောင်းတိုက်က ကိုရင်လေးတပါး
ဆွမ်းခံကြွလာချိန် ဈေးထဲအရောက်မှာ မွတ်ဆလင်အမျိုးသမီးတဦးနဲ့
ဝင်တိုက်မိလို့ သပိတ်လွင့်စင်ကျသွားပြီး အလှူခံရထားတဲ့ စားသောက်ဖွယ်ရာ တွေ
တစစီပြန့်ကျဲသွားတယ်။
တိုက်မိတဲ့မိန်းမက သူနဲ့မဆိုင်သလို
လုပ်နေချိန်မှာ ကိုရင်လေးက လမ်းပေါ်ကျ နေတဲ့ သပိတ်နဲ့ အလှူခံ
ပစ္စည်းလေးတွေကို ကြည့်ပြီး ဝမ်းနည်းစိတ်နဲ့ မျက်ရည်ကျတယ်။
ဒီမြင်ကွင်းက
ဘေးနားမှာရှိတဲ့ ဈေးသည်တွေအတွက် စိတ်မချမ်းမြေ့စရာ။ ဒါကြောင့်မို့
တိုက်မိတဲ့ မိန်းမကို ကိုရင်လေး အတွက် စားစရာလေးတွေ ဝယ်ခြမ်းပေးဖို့
တိုက်တွန်းကြပေမဲ့ အရေးမလုပ်ဘူး ဖြစ်နေတယ်။
အဲဒီအချိန်မှာ
တခြားမွတ်ဆလင် အမျိုးသမီးတဦး ရောက်လာပြီး ကိုရင်လေး
နမော်နမဲ့နိုင်လို့ဖြစ်တဲ့ဟာကို အလျော်ပေးစရာ မလိုကြောင်း ပြောရာကနေ
အခြေအတင် စကားများကြတယ်။ နောက်ပိုင်းမှာ ရောက်လာတဲ့မိန်းမက ဝင်တိုက်မိတဲ့
မိန်းမကို ‘ပြောမရလည်း လျော်ပေးလိုက်ဟယ် ဒီ ပစ္စည်းတန်ဘိုးက နင်စီးတဲ့
ဖိနပ်တဖက်စာ တောင် မရှိဘူး’ လို့ပြောလိုက်တဲ့စကားက တဖက်သားအပေါ် အလွန်အမင်း
စော်ကားနှိမ့်ချသလို ဖြစ်သွားပြီး ပြဿနာပိုကြီးထွားလာတယ်။
ရဲတွေရောက်လာပြီး မွတ်ဆလင်မိန်းမ ၂ ဦးနဲ့ ကိုရင်လေးကို ရဲစခန်းမှာခေါ်ပြီး
မေးမြန်းတဲ့အခါ မွတ်ဆလင် မောင်ရွှေ ရဲစခန်းကိုရောက်လာပြီး ရဲတွေနဲ့
တီးတိုးတိုင်ပင်နေတာ တွေ့ရတယ်တဲ့။ ရဲတွေရဲ့ မှတ်ချက်မှာ ကိုရင်လေးလက်ထဲက
သပိတ် မတော်တဆကျကွဲတယ်လို့ ရေးထားပြီး မွတ်ဆလင်မိန်းမတွေကို ဘယ်လိုမှ
အရေးမယူလို့ အခြေအနေက ပိုဆိုးသွားတယ်။ လက်ကိုင်ဖုန်းရှိသူတွေက တဆင့်တဆင့်
ဆက်သွယ်ပြောကြား ရာကနေ မြို့နဲ့ နီးစပ်တဲ့ ရွာကလူတွေ အစုလိုက်အပြုံလိုက်
မြို့ပေါ်ရောက်လာတယ်။ အဲဒီအထဲမှာ မွတ်ဆလင် ခိုးပြေးခံခဲ့ရတဲ့ ကောင်မလေးရဲ့
ဦးလေးဖြစ်သူ ခေါင်းဆောင်တဲ့ အဖွဲ့လည်းပါဝင်လာတယ်။
ရုန်းရင်းဆန်ခတ်မှုတွေ စဖြစ်လာတယ်။
ဗလီတချို့နဲ့ မွတ်ဆလင်ဆိုင်တွေကို ရိုက်ခွဲဖျက်ဆီးကြတယ်။ မွတ်ဆလင်တွေ ဝယ်ထားတဲ့ နွားတွေကို ကြိုးဖြေလွှတ်ပေးတယ်။
နေ့လည်ပိုင်းလောက်မှာ မှော်ဘီဘက်က ဆရာတော်တပါးကြွလာပြီး မြို့လူထုကို
မေတ္တာရပ် ပန်ကြားတာ ကြောင့် မြို့ပေါ်က ဖြစ်ရပ်တွေ ငြိမ်သွားတယ်။ မွတ်ဆလင် ၂
ယောက်သေတယ်။ တယောက်က ဇီးပင်ဆိပ်မှာ နေတဲ့လူ။ သူယူထားတာက
ဗုဒ္ဓဘာသာအမျိုးသမီး။ အဲဒီ မွတ်ဆလင်က ဗလီနဲ့ဈေးဆိုင်ဖျက်ဆီးသူတွေကို
ဆဲဆိုကြိမ်းမောင်းပြီး ရမ်းကားလာတော့ အနားမှာရှိတဲ့ လူတွေက ဝိုင်းရိုက်လို့
သေသွားတယ်။ နောက်ထပ် တယောက်က ရုန်းရင်းဆန်ခတ်မှုတွေကြားထဲမှာ ထွက်ပြေးရင်း
ကျန်စစ်သားရပ်ကွက်နားမှာ ဝိုင်းရိုက်သတ် ခံရတာ။ ခုတော့ ဇီးပင်ဆိပ်
သတ်ဖြတ်မှုမှာပါဝင်သူ ၈ ဦးကို ဖမ်းထားလိုက်ပြီ။
( သေသူရဲ့မိန်းမကိုယ်တိုင်က ထုတ်ဖော်ချက်အရ ဖမ်းဆီး တာလို့ သိရတယ်)
ဆူပူမှုတွေ ဖြစ်နေစဉ်အတွင်းမှာ အလံတိုင်ကျောင်းကို မီးတင်ရှို့ဖို့ မောင်ရွှေရဲ့ ကြံစည်ချက်လည်း ပေါ်လာ တယ်။
မောင်ရွှေက ပိုက်ဆံချမ်းသာတယ်။ ပြီးတော့ မြို့နေ မွတ်ဆလင်ထုရဲ့
အကြီးအမှူးလည်း ဖြစ်တယ်။ သူက မွတ်ဆလင်တွေ ပြဿနာဖြစ်တိုင်း ရဲစခန်းနဲ့
တရားရုံးတွေမှာလိုက်ပြီး ငွေကြေးနဲ့ ဖြေရှင်းပေးလေ့ ရှိတယ်။ ခုလည်း
ပြဿနာတက်ပြီဆိုတာနဲ့ အလံတိုင်ကျောင်းကို မီးရှို့ဖို့ လူ ၅ ယောက်ကို တယောက်
၁၅ သိန်းပေးပြီး စေခိုင်းထားတယ်လို့သိရတာ။
သူခိုင်းထားတဲ့ မွတ်ဆလင်တဦးကို အလံတိုင်ကျောင်းဝင်းထဲမှာ မိရာကနေ စစ်ဆေးလို့ ပေါ်လာတာ။ ခုတော့ မောင်ရွှေလည်း တရားခံပြေး ဖြစ်နေပြီ။
နောက်တယောက်က အဏ္ဏဝါ ဆိုတဲ့ မွတ်ဆလင်….. သူက မြို့ထဲပိုင်းမှာနေတယ်။ အဏ္ဏဝါ
ရဲ့မိန်းမကလည်း ဗုဒ္ဓဘာသာအမျိုးသမီး တဦးပဲ။ အခင်းဖြစ်နေချိန်မှာ
လျှပ်စစ်မီးလိုင်းတွေ ဖြတ်ထားတယ်။ အဲဒီအချိန်မှာ အဏ္ဏဝါ က ကိုယ်ဝန်နဲ့
သူ့မိန်းမကို ယောက်ခမတွေဆီလွှတ်လိုက်ပြီး သူ့အိမ်ထဲမှာ ဓာတ်ဆီတွေ လောင်း၊
ဂက်စ်အိုးတွေ အဖုံးဖွင့်၊ လျှပ်စစ်ကြိုးစတွေကို ပူးဆက်ပြီး ဆီဆွတ်ထားတဲ့
အဝတ်စနဲ့ပတ်၊ လျှပ်စစ်မီးလာတာနဲ့ ဝါယာရှော့ဖြစ်ပြီး မီးလောင်အောင်
စီမံထားခဲ့ ကာ အိမ်တံခါးပိတ် ထွက်ပြေးသွားတယ်။
သူ့အိမ်က ထွက်လာတဲ့
အနံ့ကို အိမ်နီးချင်းချင်းတွေ ရှူရှိုက်ရလို့ မသင်္ကာဖြစ်ပြီး သက်ဆိုင်ရာကို
အကြောင်းကြား အိမ်ကို ဖောက်ဝင်ကြည့်တော့မှ အဏ္ဏဝါ လုပ်ထားခဲ့တဲ့
အစီအမံတွေကိုတွေ့ရတာ။
သူလည်းထွက်ပြေးနေဆဲပဲ။
ဒီကြားထဲ မွတ်ဆလင်အိမ်ကနေ လွှတ်ပစ်လိုက်တဲ့ နွားတွေထဲမှာ နယ်ခြားစောင့်တပ်က
လူတွေ ဝယ်ထားတဲ့ နွားတွေလည်း ပါသွားလို့ ခြိမ်းခြောက်ခံရတာလည်း ရှိသေးတယ်။
စနေနွားပွဲမှာ နွားလာဝယ်တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေမှာ လက်နက်တွေ
ပါလာတတ်တယ်။ သူတို့က ရင်းနှီးရာ မွတ်ဆလင် တဦးအိမ်မှာ စတည်းချလေ့ရှိတယ်။
အဲဒါ
သူတို့နွားတွေ လွှတ်ပစ်လို့ မကျေမနက်ဖြစ်ပြီး မြို့ခံလူထုကို လက်နက်နဲ့
အနိုင်ယူမယ်လို့ ခြိမ်းခြောက်တာကို အိမ်နီးချင်းတဦးက ကြားပြီး
ဖုန်းဆက်အကြောင်းကြားလို့ တိုက်ကြီးက အာဏာပိုင်တွေ ဆင်းလာပြီး သူ့ကို
ဖမ်းသွားတယ်။ သူနဲ့ပါလာတဲ့ လက်နက်တွေကို သိမ်းဆည်းထားပြီး
လူကိုပြန်လွှတ်ပေးလိုက်တယ်။
မြို့ကနေ ပြန်သွားတဲ့ လူစုတွေဟာ ရွာတွေကိုရောက်တော့ ပြဿနာ ဆက်ဖြစ်ကြတယ်။
အဲဒီမှာတော့ ဗမာတွေ အသေများတယ်လို့ သိရတယ်။ သတ်ပြီး ဝှက်ထားတဲ့ အလောင်းတွေ
နောက်ပိုင်းမှ တဖြည်းဖြည်း ပေါ်လာတာ။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းက
ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ပါဝင်သူတွေ အဖမ်းခံကြရတယ်။
ရုန်းရင်းဆန်ခတ်မှုတွေ ပြီးသွားတဲ့နောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့
မွတ်ဆလင်တွေကို ရန်ကုန်နဲ့ တခြားမြို့မှာ ရှိတဲ့ မွတ်ဆလင်အဖွဲ့တွေက
ကားကြီးကားငယ်နဲ့ လာရောက် ကူညီပေးကြရာမှာ မသင်္ကာစရာတွေ ရှိလာတယ်။
သူတို့ကားတွေဝင်လာတုန်းက မွတ်ဆလင် လူငယ်အတော်များများ ပါလာပြီး
ပြန်ထွက်သွား ချိန်မှာ ချန်ထားခဲ့တာမျိုး။ ပြီးတော့ လက်နက်ခဲယမ်းတွေ
သယ်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။
တနေ့မှာ… ကူညီဖို့လာတဲ့ သူတို့ကားတွေကို စစ်တပ်ဂိတ်က ရပ်တန့်ရှာဖွေရာမှာ လက်ပစ်ဗုံးနဲ့ လက်နက် တချို့မိ တယ်လို့ သတင်းထွက်လာတယ်။
ရဲဂိတ်က လွှတ်ပေးလိုက်တဲ့ ကားကို စစ်တပ်ဂိတ်က ဖမ်းမိတာ။ အဲဒီနေ့က
ရဲစခန်းမှူးက ရဲစခန်းထဲမှာ သူ့လက်အောက်ငယ်သားတွေကို တန်းစီပြီး
ပါးရိုက်တာကို အပြင်လူတွေ တွေ့ခဲ့ကြတယ်။ အဲဒီ ဖြစ်ရပ်နောက်ပိုင်း
ရဲတပ်ဖွဲ့အားလုံးနီးပါး ပြောင်းရွှေ့ပစ်လိုက်တယ်။
အခုတော့ ပြဿနာတွေ ငြိမ်သက်နေပေမဲ့ လူတွေရဲ့ စိတ်ထဲမှာ
ရတက်မအေးနိုင်ဖြစ်နေကြသေးတယ်။ မွတ်ဆလင် ဈေးဆိုင်တချို့ ပြန်ဖွင့်ပေမဲ့
ဗမာတွေက သူတို့ဆိုင်မှာ မဝယ်တော့ဘူး။ စိတ်မကောင်းစရာက ရိုးရိုးသားသား
အေးအေးဆေးဆေးနေတဲ့ မွတ်ဆလင် လူထုပဲ။ သူတို့က ဗုဒ္ဓဘာသာမိသားစုတွေနဲ့
ရင်းရင်း နှီးနှီးဆက်ဆံကြတယ်၊
အတူသွားလာ လည်ပတ် ပျော်ပျော်ရွှင်ရွှင်
နေတတ်သူတွေ၊ ခုဆို ဘောလုံးကစားကြ ရာမှာ သူတို့ ဝင်မကစားကြဘဲ ဘေးကရပ်
ငေးမှိုင်ရပ်ကြည့်နေကြတယ်။ သူငယ်ချင်းတွေက အတင်းဆွဲခေါ်မှ စိတ်မပါ့တပါနဲ့
ခဏလေး ဝင်ကစားပေးပြီး ပြန်ထွက်ထိုင်နေတယ်။
မွတ်ဆလင်
အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို သူတို့လည်း မကျေနပ်ကြဘူး။ ရုန်းရင်းဆန်ခတ်
စဖြစ်တဲ့ နေ့ကဆို သူတို့အုပ်စု ရဲစခန်းရှေ့သွားပြီး ပြဿနာအစပျိုးတဲ့ ကုလားမ
၂ ဦးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကြောင့်
ကျနော်တို့ချင်း ရင်းနှီးချစ်ခင်မှုတွေ အပျက်စီးမခံနိုင်ဘူးလို့ ပြောကြတယ်။
တချို့ မွတ်ဆလင်တွေကတော့ သူတို့ရရှိခံစားနေရတဲ့ ထောက်ပံ့မှုတွေနဲ့
သာယာကျေနပ် နေပြီး ဗုဒ္ဓဘာသာတွေအပေါ် ရန်လိုစော်ကားတဲ့ အပြုအမူ အပြောအဆိုတွေ
လုပ်နေတုန်းပဲ။ သူတို့က အိမ် ၁ လုံး ဆုံးရှုံးရင် ၂ လုံးစာ
အထောက်အပံ့ရတယ်လို့ ပြောကြတယ်။ ပြီးတော့ နောက်တခါ ထပ်ဖြစ်လို့
မွတ်ဆလင်တွေနဲ့ နယ်ခြားစောင့် တပ်တွေ ပူပေါင်းရင်း ဗမာတွေ
ပိုနာလိမ့်မယ်လို့လည်း ခြိမ်းခြောက် ရန်စ ကြတယ်။
မွတ်ဆလင်
တဦးကဆိုရင် ‘ကြက်သန်းကို မီးမြှိုက်သတ်ရင် ကြက်တင်းလည်း မီးလောင်ခံရမှာပဲ’
လို့ ပြောတယ်။ သူတို့အိမ်တွေကို မီးပြန်ရှို့လိုက်တာနဲ့
ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာအိမ်တွေ မီးလောင်ပြကျ ကုန်မယ် ဆိုတဲ့သဘော။
လောလောဆယ်ထိတော့ ဥက္ကံမြို့နဲ့ တိုက်ကြီးမြို့ကို ညနေ ၅ နာရီ- မနက် ၅ နာရီ
ပုဒ်မ ၁၄၄ ထုတ်ထား တုန်း။ လူတွေကိုလည်း ရှာဖွေဖမ်းဆီးနေတုန်းပဲ။ ပြီးတော့
ဖမ်းထားသူတွေကို အာဏာပိုင်တွေက ၉၆၉ ဆိုတာ ဘာလဲ၊ ဘယ်သူဦးဆောင် တာလဲ
စစ်မေးနေတယ်။
တကယ်တော့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ မွတ်ဆလင်တချို့ရဲ့
ဘာသာရေးအစွန်းရောက်တာ၊ စီးပွားရေး ချယ်လှယ်မောက်မာတာရယ်၊ အာဏာပိုင်တွေကို
လာဘ်ထိုးပြီး မြို့ခံ လူထုအပေါ် မထီမဲ့စော်ကားမှုတွေဟာ အတိုင်းအတာ တခုထိ
ရှိခဲ့တယ်။ အာဏာပိုင်တွေရဲ့ လာဘ်စားမှုလည်း ပေါ်လွင်တယ်။ အဲဒီအခြေအနေတွေ
မပြောင်းလဲသရွေ့ နောက်လည်း အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်။ မတည်မငြိမ်မှုတွေ
ဖြစ်နေသမျှ ဒီအပေါ်မှာ အမြတ်ထုတ်မယ့်သူဆိုတာ ရှိနေအုံးမှာပါပဲ။
ဥက္ကံမောင်မောင်

0 Comments:
Post a Comment